မနက်ဖြန် ၁၀.၂.၂၀၁၁ နေ့မှာ ဘားကမ့်အကြိုပွဲကို မြန်မာအင်ဖိုတက်ခ်ရှိ Building 1 , အခန်းနံပါတ် ၂၀၅ မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ဘားကမ့်အကြိုပွဲကို ပြုလုပ်ရခြင်းဟာ စေတနာ့ဝန်ထမ်း (volunteer)ပြုလုပ်ပေးချင်သူများကိုတွေ့ဆုံခြင်းဖြစ်ပြီး၎င်းတို့အနေနဲ့မိမိနှင့်သက်ဆိုင်ရာ အဖွဲ့များမှာ ပူးပေါင်းပါဝင် နိုင်အောင်သက်ဆိုင်ရာအဖွဲ့များအကြောင်းကို ရှင်းလင်း တင်ပြပေးမှာ ဖြစ်ပါတယ်။ အဆိုပါပွဲကိုတက်ရောက်လာသူများ အနေနှင့်လည်းလက်ပ်တော့များယူလာခဲ့လို့ရပြီးwi-fiပေးထားမှာ ဖြစ်ပါတယ်။ ဘားကမ့်ဖြစ်မြောက်ရေးပြုလုပ်နေတဲ့အဖွဲ့လိုက် အဖွဲ့ခေါင်းဆောင်များ အဖွဲ့သားများနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပြီး မိမိတို့မည်သည့်တာဝန်ယူနိုင်မည်ဆိုတာကိုလည်း အဲ့ဒိနေ့မှာ တစ်ခါတည်းရှင်းပြပေးမှာဖြစ်ပါတယ်။ ဘားကမ့်ပွဲအတွက်ပါဝင်ဆောင်ရွက်နေသူများသည်community developement အတွက် ကူညီပေးနေသူများ ဖြစ်ရာ မည်သူမဆိုစေတနာ့ဝန်ထမ်း (volunteer) အဖြစ် ပူးပေါင်းပါဝင် စေလိုပါတယ်။ သို့ပါ၍ ကျေးဇူပြု၍ ဘားကမ့်ပွဲအတွက် ကူညီပေးချင်သူများ မနက်ဖြန် နေ့လည် ၃ နာရီ ၊မြန်မာ အင်ဖိုတက်ခ်၊ building 1၊ အခန်း ၂၀၅ သို့ မပျက် မကွက် တက်ရောက်ပေးကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်။
