Archive for January, 2012

BarCamp Yangon 2012 Volunteer Registration

Friday, January 27th, 2012

We would like to announce that Volunteer Registration for BarCamp Yangon 2012 is available now. If you’ve experienced as volunteer last year BarCamp or newbie who want to get experience. Join us on volunteer team. We will support the event with our best. Please fill the form.

(more…)

BCY 2012 First Press Release was successfully finished

Wednesday, January 11th, 2012

ဘားကန့်ရန်ကုန်၏ ပထမအကြိမ် စာနယ်ဇင်းနှင့် မီဒီယာရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပွဲသို့ မီဒီယာအသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စာနယ်ဇင်းသမားများ တက်ရောက်ခဲ့ပါသည်။ ဘားကန့်ရန်ကုန် ၂၀၁၂ အား ၂၀၁၂ ဖေဖော်ဝါရီလ ၁၁ နှင့် ၁၂ တွင် နှစ်ရက်တိုင်တိုင် ယခင်နှစ်များအတိုင်း ရန်ကုန်မြို့၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ မြန်မာအင်ဖိုတက်တွင် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပသွားမည် ဖြစ်ပါသည်။

ဘားကန့်ရန်ကုန် ၂၀၁၂ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် Organizer Team အား အောင်မြင်စွာ ဖွဲ့စည်းပြီးခဲ့ပြီ ဖြစ်ပါသည်။ ယခုနှစ် ဘားကန့်ရန်ကုန် ၂၀၁၂ တွင် အသင်း၏ ခေါင်းဆောင်အဖြစ် ကိုတင်ထူးခိုင်က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး Coordinator အဖြစ် ကိုရာဗီမှ လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့ငယ်ခေါင်းဆောင်များအဖြစ် ကိုကိုရဲ (Tech
Support)၊ မထိုက်ထိုက်အောင် (Public Relation)၊ မမြင့်မြင့်နွယ် (ဘဏ္ဍာရေး)၊ မခင်မို့မို့ဝင်း (Admin)၊ ကိုသောင်းစုငြိမ်း (Marketing) တို့ကို ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

(more…)